ကျောင်းအကြောင်း

ကျောင်းအကြောင်း

ကျွန်ုပ်တို့၏ကျောင်း

LCISမူကြိုကျောင်းအား ၂၀၁၆ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အဆင့်မီနိုင်ငံတကာပညာရေးစနစ် လိုအပ်ချက်များမြင့်မားလာမှုအရ အချိန်တိုအတွင်းလျင်မြန်စွာတိုးချဲ့တည်ထောင်နိုင်ခဲ့ပါသည်။ ၎င်းနောက် လက်ရှိကျောင်းသားများအတွက် ပညာရေးဝန်ဆောင်မှုဆက်လက်ပေးနိုင်ရန်နှင့် အခြားသောကျောင်းသားများ အတွက်လည်း ဖွံ့ဖြိုးတိုးတက်သောပညာရေးအခွင့်အလမ်းများပေးဆောင်နိုင်ရန်အတွက် HCISအား ၂၀၁၈ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းစတင်ဖွင့်လှစ်သည်မှစ၍ ကျွန်ုပ်တို့သည် သာလွန်ကောင်းမွန်သောပညာရေးအခွင့်အလမ်းများကို မန္တလေးလူနေမှုစနစ်၏ ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုများနှင့်အညီ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏HCISကျောင်းသည် ကျောင်းသူ၊ကျောင်းသားများအား လွတ်လပ်သော တီထွင်ဖန်တီးသူများနှင့်ဝေဖန်တွေးခေါ်နိုင်သူများဖြစ်စေရန် အထောက်အကူပြုသည့် ကမ်းဘရစ်ချ် နိုင်ငံတကာအကဲဖြတ်သင်ရိုးညွှန်းတမ်းကို လိုက်နာအသုံးပြုပါသည်။ စိန်ခေါ်မှုရှိ၍ ဟန်ချက်ညီသောသင်ရိုးညွှန်းတမ်းနှင့်အတူ ကျောင်းသူကျောင်းသားများသည်သင်ကြားရေးအပေါ်နက်ရှိုင်းစွာ မြတ်နိုးတန်ဖိုးထားမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ တာဝန်သိတတ်မှု၊ ရောင်ပြန်ဟပ်မှု၊ တီထွင်ကြံဆမှုနှင့် စေ့စပ်သေချာမှုစသော ကမ်းဘရစ်ချ်ကျောင်းသားဂုဏ်ရည်များကိုလည်း ဘဝတလျှောက်သယ်ဆောင်သွားနိုင်စေမည်ဖြစ်ပါသည်။

ရည်ရွယ်ချက်

HCISကျောင်း၏မှာရည်ရွယ်ချက်မှာ ကျောင်းသူ၊ကျောင်းသားများအား မိမိပတ်ဝန်းကျင်ရှိလူတိုင်းကိုအလေးထားကာ ဆန်းသစ်သောပံ့ပိုးပေးမှုများပေးစွမ်းနိုင်သည့် အခြေခံအသိပညာရှိသော လွတ်လပ်သည့်စူးစမ်း လေ့လာတွေးခေါ်သူများနှင့် ပူးပေါင်းဆောင်ရွက်တတ်သောလေ့လာသူများအဖြစ် ပျိုးထောင်ပေးရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ -

  • ကျွန်ုပ်တို့၏ကျောင်းသူ၊ကျောင်းသားများ၂၁ရာစုကမ္ဘာ့ ပြည်သူပြည်သားများဖြစ်လာစေရန်အတွက် ဖန်တီးမှုနှင့်ဝေဖန်စဉ်းစားတွေးခေါ်မှုများအားအခြေခံသည့် ပြည့်စုံသောဖြစ်စဉ်ပြုလေ့လာသင်ယူခြင်းကို ပံ့ပိုးပေးရန်
  • နောက်ခံအမျိုးမျိုးရှိသောကျောင်းသားများကို မတူကွဲပြားသည့်သင်ကြားမှုပတ်ဝန်းကျင်ကိုပေးရန်
  • ကျောင်းသားတိုင်းအား ၎င်းတို့၏အစွမ်းအစများ အပြည့်အဝရရှိစေရန် ကူညီပေးခြင်း
  • ကျွန်ုပ်တို့၏ကျောင်းသားများကို ကမ္ဘာအရပ်ရပ်မှ တက္ကသိုလ်များတွင် သင်ကြားတက်ရောက်နိုင်ရန် ပြင်ဆင်ပေးခြင်း
  • လူမှုအသိုင်းအဝိုင်းအသီးသီး၌ အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် ပြုစုပျိုးထောင်ပေးခြင်းတို့ဖြစ်ပါသည်။

ရည်မှန်းချက်

HCISအထက်တန်းကျောင်း၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ကျောင်းသားများကို နေရာ၊အခြေအနေ၊ဒေသမခွဲခြားဘဲ ကိုယ်ပိုင်အရည်အသွေးပြည့်စုံသောပညာရေးဖြင့် တောက်ပသောအနာဂတ်တစ်ခုတည်ထောင်ပေးနိုင်ရန်ဖြစ်ပါသည်။

  • ၂၁ရာစုကျောင်းသားများဖြစ်လာစေရန် ၂၁ရာစုသင်ကြားရေးနည်းဗျူဟာများကို အသုံးပြုခြင်း
  • ကျွန်ုပ်တို့၏ကျောင်းသားများအား ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားများဖြစ်လာစေရန် စေ့စပ်လေးနက်၍ထိရောက်သော သင်ရိုးညွှန်းတမ်းများကို ပံ့ပိုးပေးခြင်း
  • အတွေ့အကြုံရှိပြီး သင်ကြားရေးမြတ်နိုးသော ပညာရေးပိုင်းဆိုင်ရာထူးချွန်သည့်ဆရာ၊ ဆရာမများရှိခြင်း
  • ကျောင်းသားများ၏ သင်ယူမှုရလဒ်များတိုးမြှင့်ပေးနိုင်ရန်အတွက် ပေါင်းစပ်သင်ကြားရေး ပတ်ဝန်းကျင်တစ်ခုကို ထည့်သွင်းပေးထားခြင်းတို့ဖြစ်ပါသည်။

HCIS၏စံတန်ဖိုးများ

HCISအထက်တန်းကျောင်း၏ စံတန်ဖိုးများမှာ ကျွန်ုပ်တို့၏လုပ်ရပ်တိုင်းအတွက် လမ်းညွှန်ပေးသော ကျွန်ုပ်တို့၏သတ်မှတ်ချက်ဆိုင်ရာယုံကြည်မှုများပင်ဖြစ်ပါသည်။ အတူတကွကြီးပြင်းကာ လေ့လာသင်ယူနိုင်မည့် ပျော်ရွှင်နွေးထွေးသော ကျောင်းအဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် ကျွန်ုပ်တို့သည် ယင်းယုံကြည်ချက်များကို သင်ကြားရေးပိုင်း၊ သင်ယူမှုပိုင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ၌ ကျင့်သုံးပါသည်။

Final Core ( 30-7 ) 1
  • respect

    ရိုသေလေးစားမှု

    ရိုသေလေးစားမှုသည် မည်သည့်ဆက်ဆံရေး၌မဆို အဓိကကျသောအချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မတူညီကွဲပြားမှုများရှိစေကာမူ မိမိကို ပြုမူဆက်ဆံစေလိုသည့်အတိုင်း သူတစ်ပါးကိုလည်းအမြဲကောင်းမွန်စွာဆက်ဆံပါသည်။

  • Honesty

    ရိုးသားမှု

    “ရိုးသားခြင်းသည် ဉာဏ်ပညာစာအုပ်၏ ပထမဆုံးအခန်းကဏ္ဍ” ဖြစ်ကြောင်း သောမတ်စ် ဂျက်ဖာဆန်က ပြောဆိုခဲ့ပါသည်။ ဉာဏ်ပညာဆိုသည်မှာ ကျွန်ုပ်တို့လေ့လာရန် စိတ်အားထက်သန်သည့်အရာပင်ဖြစ်ပါသည်။

  • kindness

    ကြင်နာမှု

    ကြင်နာသောစကားတစ်ခွန်း သို့မဟုတ် လုပ်ရပ်တစ်ခုသည် ဘဝတစ်ခုကို ပြောင်းလဲစေနိုင်ပြီး လူတိုင်းကို အရေးပါသည့်တစ်စုံတစ်ယောက်လိုခံစားရစေပါသည်။ ကျွန်ုပ်တို့နေ့စဉ်ကျင့်သုံးရန်ရည်ရွယ်သည်။

  • Integrity

    သမာဓိ

    ကိုယ်ကျင့်တရားဆိုသည်မှာ ရွေးချယ်မှုတစ်ခုမဟုတ်ကြောင်း ယုံကြည်သူများအဖြစ် မိမိကိုယ်ကိုရင့်ကျက်လာစေရန် ကျွန်ုပ်တို့သည် အမြဲတမ်း မှန်ကန်သောအကျင့်ကိုကျင့်၍ မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ပါသည်။

  • responsibility

    တာဝန်ယူမှု

    ကျွန်ုပ်တို့၏အတွေးအခေါ်သည် ကိုယ်ပိုင်ဘဝနှင့်အနာဂတ်ကိုပုံဖော်ဆောင်ရန် မိမိတို့၏လုပ်ရပ်နှင့် အပြုအမူများအတွက်တာဝန်ယူခြင်းတစ်ရပ်ပင်ဖြစ်ပါသည်။ ယင်းကဲ့သို့တာဝန်ယူခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါသည်။

  • social-awarness

    လူမှုရေးအသိအမြင်

    ကျွန်ုပ်တို့သည် မိမိတစ်ကိုယ်ရေအတွက်သာမက ကမ္ဘာတစ်ခုလုံးကို သက်ရောက်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို နားလည်နိုင်စွမ်းသော အသင်းအဖွဲ့ဦးတည်သည့် လက်တွေ့ကျကျဖြေရှင်းသူများဖြစ်လာရန် ရည်ရွယ်ပါသည်။

  • diversity

    မတူကွဲပြားခြင်း

    ကွဲပြားခြားနားခြင်းများကို မီးမောင်းထိုးပြနေမည့်အစား တစ်ဦးချင်းစီ၏ ထူးခြားချက်ကို အလေးထားပေးခြင်းက မတူကွဲပြားခြင်းများထဲမှ စည်းလုံးခြင်းကို ရှာတွေ့နိုင်ပြီး ကျွန်ုပ်တို့၏ အိမ်မက်များအကောင်အထည်ပေါ်လာရေးအတွက် အတူတကွလုပ်ဆောင်နိုင်ရန် အကူအညီဖြစ်စေပါသည်။

  • creativity

    တီထွင်ဖန်တီးမှု

    ကျွန်ုပ်တို့သည် တီထွင်ဖန်တီးမှုကို ဆက်နွှယ်မှုများရှာဖွေရန်၊ အမှားများပြုလုပ်ရန်၊ စွန့်စားမှုများပြုလုပ်ရန်၊ စမ်းသပ်ရန်၊ တိုးတက်လာစေရန်အတွက်သာမကဘဲ အရာဝတ္ထု များကို မည့်သို့တည်ရှိဖြစ်တည်ပုံနှင့်မည်သို့တည်ရှိ ဖြစ်တည် နိုင်မှုကို လက်တွေ့အကောင်အထည်ဖော်ဆောင် မြင်တွေ့စေခြင်းပင်ဖြစ်ပါသည်။

  • teamwork

    ပူးပေါင်းဆောင်ရွက်မှု

    ကျွန်ုပ်တို့သည် အတူတကွအလုပ်လုပ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆက်သွယ်ခြင်း၊ လေ့လာခြင်း၊ အချင်းချင်းသင်ကြားမှုများပြုလုပ်ခြင်းဖြင့် အချင်းချင်းစိန်ခေါ်မှုများ၊ အားကျအတုယူခြင်းများ ဖြစ်စေကာအံ့သြနှစ်သက်ဖွယ်အရာများအောင်မြင်စွာ ရယူနိုင်ပါမည်။

တည်နေရာ

လိပ်စာ

၃၅လမ်း၊ ၅၂ လမ်းနှင့် မန္တလေး-ပြင်ဉီးလွင်လမ်းကြား၊

မန္တလေး

ကျွန်ုပ်တို့၏ ဖေ့စ်ဘုတ်စာမျက်နှာသို့
ဝင်ရောက်လေ့လာပါ။

တည်နေရာ

လိပ်စာ

၃၅လမ်း၊ ၅၂ လမ်းနှင့် မန္တလေး-ပြင်ဉီးလွင်လမ်းကြား၊

မန္တလေး

အလုပ်အကိုင်များ

HCISအထက်တန်းကျောင်းသည် တက်ကြွ၍အပြုသဘောဆောင်သောအရည်အချင်းပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို အလုပ်ခန့်အပ်ပါသည်။ ကျွန်ုပ်တို့သည် ကျောင်းသူ၊ကျောင်းသားများအတွက် အကောင်းဆုံးအရာများဆောင်ကြဉ်းပေးမှုကို အလေးထားသူများဖြစ်ရုံသာမက မိမိကိုယ်တိုင်အတွက်လည်း အကောင်းဆုံးဖြစ်ရန် စဉ်ဆက်မပြတ်ကြိုးစားရှာဖွေလေ့လာသော ပညာရေးဝန်ထမ်းများကို အလေးပေးခန့်အပ်ပါသည်။ မိမိ၏အတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဉီးစားပေးဆောင်ရွက်ရန် ကတိပြုမှုသည်လည်း သာလွန်ကောင်းမွန်သောပညာရေးဝန်ထမ်းတစ်ယောက်ဖြစ်ရန်အတွက် အဓိကအချက်အချာဖြစ်ပါသည်။

              ကျွန်ုပ်တို့၏အဖွဲ့အစည်းနှင့်အတူတကွအလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက သင်၏ကိုယ်ရေးအချက်အလက်နှင့်မေးမြန်းလိုသည်များကို ပညာရေးပိုင်းဆိုင်ရာဒုတိယကျောင်းအုပ် Mr. Maurice Wilding viceprincipalmaurice@hcisedu.com ထံသို့လိပ်မူ၍ ပေးပို့နိုင်ပါသည်။

လျှောက်ထားမှုများမပြုလုပ်မီ အောက်ပါလိုအပ်သောအချက်အလက်များနှင့်ကိုက်ညီမှု ရှိကြောင်း စစ်ဆေးပါ။

  • ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
  • ကျန်းမာရေးထောက်ခံစာ
  • နိုင်ငံတကာကျောင်းတစ်ခု၌ အနည်းဆုံးအောင်မြင်သောသင်ကြားရေးအတွေ့အကြုံ ၂နှစ်
  • တက္ကသိုလ်မှဘွဲ့ရရှိပြီးသူ
  • ကင်းဘရစ်ချ်သင်ရိုးညွှန်းတမ်းနှင့်သက်ဆိုင်သောဗဟုသုတ
DSC_9514

၂၀၂၀-၂၀၂၁ပညာသင်နှစ်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ။

ကျွန်ုပ်တို့သည် ၂၀၂၁ မှ ၂၀၂၂ ပညာသင်နှစ်အတွက်စုဆောင်းနေကြသည်။
ကျွန်ုပ်တို့သည်အောက်ဖော်ပြပါရာထူးများအတွက်ခန့်ထားခြင်းခံရသည်။

  • အလယ်တန်းသင်္ချာဆရာ / ဌာနမှူး
  • အလယ်တန်း ICT ဆရာ
  • လူမှုရေးဆရာ
  • အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်သူဆရာ
  • ကျောင်းအိုင်တီပညာရှင်