မူလတန်း ( အဓိကအဆင့် ၁ နှင့် ၂ )

HCIS မူလတန်းတွင်ကိန်းဘရစ်ချ်မူလတန်းသင်ရိုးညွှန်းတမ်းကို Year 1 မှ Year 6 (၅နှစ်မှ၁၁နှစ်အရွယ်များ)အထိ ရည်ညွှန်းသည်။
ကျွန်ုပ်တို့၏ရည်မှန်းချက်မှာစုံစမ်းစစ်ဆေးမှုကို အခြေခံသောပြဿနာဖြေရှင်းခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းသင်ယူမှုနည်းလမ်းဖြင့် အဓိကဘာသာရပ် (၁၀) ခုဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။
တီထွင်ဆန်းသစ်မှုနှင့်တီထွင်ဖန်တီးမှုများသည် ကိန်းဘရစ်ချ်သင်ရိုး၏ အခြေခံကျသောအချက်တစ်ခုဖြစ်ပြီး ၎င်းသည်ကျွန်ုပ်တို့၏ကျောင်းသားများကိုသင်ယူမှုတွင် မိမိ၏စိတ်ကူးစိတ်သန်းများနှင့် တီထွင်ဖန်တီးမှုကိုအသုံးချဖော်ပြစေမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ကလေးများသည်ပညာရေးဆိုင်ရာစွမ်းဆောင်ရည်မြင့်မားခြင်းနှင့်အတူ ကိုယ်ရည်ကိုယ်သွေးများကိုပြုစုပျိုးထောင်သည့်သင်ယူမှုနည်းလမ်းများမှ တဆင့်ကမ္ဘာလုံးဆိုင်ရာနိုင်ငံသားဖြစ်ရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏အင်္ဂလိပ်စာသင်ခန်းစာတွင် 'ရေးသားရန်အတွက်ပြောရန်' နည်းစနစ်များကိုထည့်သွင်းထားပါသည်။
ဤသည်မှာသင်ကြားမှုဆိုင်ရာမူတစ်ခုဖြစ်သည်၊ဤနည်းစနစ်သည်ကလေးများအားသူတို့မလေ့လာမီ၊အရေးအသားတွင်အသုံးမပြုခင် လိုအပ်သည့်ဘာသာစကားလေ့လာရန်ကူညီသည့်သင်ယူမှုနည်းလမ်းဖြစ်ပါသည်။ ဤနည်းစနစ်သည်ကလေးသူငယ်ဘာသာစကားသင်ယူမှုနှုန်းကိုသိသိသာသာတိုးတက်စေသည်ကိုတွေ့ရှိရပါသည်။

အလယ်တန်းပထမအဆင့် ( အဓိကအဆင့် ၃ )

အလယ်တန်းအဆင့်တွင် ကိန်းဘရစ်ချ် သင်ရိုးညွှန်းတမ်းကိုအင်္ဂလိပ်၊ သင်္ချာနှင့်သိပ္ပံဘာသာရပ်များအပါအဝင် အဓိကဘာသာရပ် ၁၀ ခုဖွံ့ဖြိုးတိုးတက်စေရန် ထည့်သွင်းထားပါသည်။ ကျောင်းသားများ၏ကွဲပြားခြားနားသောယဉ်ကျေးမှုဆိုင်ရာဝိသေသလက္ခဏာများနှင့်ကိုက်ညီစေရန်ရည်ရွယ် ထည့်သွင်းထားပါသည်။
ယုံကြည်မှု၊ တာ၀န်ယူမှု၊ ရောင်ပြန်ဟပ်မှု၊ တီထွင်ဆန်းသစ်မှုနှင့်စေ့စပ်ညှိနှိုင်းမှုတို့အားသင်ကြားပေးသော မျှတကျယ်ပြန့်သည့်သင်ရိုးညွှန်းတမ်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏ကျောင်းသားများအတွက်အလယ်တန်းဒုတိယအဆင့်တွင် IGCSE ဘာသာရပ်များအားအောင်မြင်စွာလမ်းညွှန်ရန် မူလတန်းအဆင့်မှတည်ဆောက်ထားသည့်ခိုင်မာသောအုတ်မြစ်များအပေါ် အခြေခံသည့်သင်ရိုးညွှန်းတမ်းပလက်ဖောင်းတစ်ခုဖြစ်သည်။
စွမ်းဆောင်ရည်အကဲဖြတ်မှုသည် ကျောင်းသားများအားလုံးအတွက်ကိုယ်ပိုင်လေ့လာသင်ယူမှုအတွေ့အကြုံဖန်တီးရန် ကျောင်းသားများ၏စွမ်းဆောင်ရည်နှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုဖော်ပြမည်ဖြစ်ပါသည်။

IGCSE ( အဓိကအဆင့် ၄ )

IGCSE အစီအစဉ်ကို ၁၉၈၈ခုနှစ်တွင် နိုင်ငံတကာကိန်းဘရစ်ချ်စာစစ်ဌာန (CAIE) မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး လူသိများ ကျော်ကြားသည့် အင်္ဂလိပ်ဘာသာသင်ရိုးညွှန်းတမ်းဖြစ်သည်။ နိုင်ငံပေါင်း ၁၆၀ကျော်တွင်ရှိသည့် ကျောင်းပေါင်း ၁၀၀၀၀ကျော်များမှာ IGCSE သင်ရိုးမာတိကာကို အသုံးပြုလျှက်ရှိသည်။ ဤသင်ရိုးသည် အသက် ၁၄နှစ် နှင့် ၁၆နှစ်ရှိ ကျောင်းသူ/သားများအတွက် အသုံးအများဆုံးဖြစ်ပြီး နိုင်ငံတကာအသိမှတ်ပြုလည်းဖြစ်သည်။
IGCSE သင်ရိုးအား အပြည်ပြည်ဆိုင်ရာ သဘောထားအမြင်များဖြင့် ဒီဇိုင်းရေးဆွဲထားသည်။ သို့သော် ဒေသတစ်ခုစီအတွက် ဒေသဆိုင်ရာသက်ဆိုင်မှုလည်း ပါဝင်ပါသည်။ IGCSE သင်ရိုးအား နိုင်ငံတကာမှ ကျောင်းသူ/သားများအားလုံးအတွက် ရည်ရွယ်ဖွဲ့စည်းထားသောကြောင့် ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုကဲ့သို့သောအရာများမှ ကင်းဝေးသည်။
IGCSE သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာအား ပထမဘာသာစကားမဟုတ်သည့် ကျောင်းသူ/သားများအပါအဝင် မတူကွဲပြားသောအရည်အချင်းများရှိကြသည့် လေ့လာသင်ယူသူများအတွက် ရွေးချယ်စရာမြောက်မြားစွာကို ပံ့ပိုးပေးနိုင်ရန်ဖြစ်သည်။
ကိန်းဘရစ်ချ် IGCSE စာမေးပွဲများကို Year 11 ပြီးဆုံးချိန်တွင် ဖြေဆိုကြရသည်။ အဆိုပါစာမေးပွဲများသည် အရေး၊ အပြောနှင့် သင်ရိုးစာများပါဝင်ပြီး အကြောင်းအရာများ ကွဲပြားသည်။ ထို့အတွက်ကြောင့် ကျောင်းသူ/သားများအနေဖြင့် သင်ခန်းစာနှင့်ပတ်သက်သည့် အသိပညာများကို နားလည်တတ်ကျွမ်းအသုံးချမှုများအား ဖော်ပြနိုင်ရန်အတွက် အခွင့်အလမ်းတစ်ခုပင်ဖြစ်ပေသည်။

ကိန်းဘရစ်ချ် IGCSE စာမေးပွဲများသည် တစ်နှစ်လျှင် နှစ်ကြိမ် ဇွန်လနှင့် နိုဝင်ဘာလများတွင် ဖြေဆိုရသည်။ စာမေးပွဲရလဒ်များကို ဩဂုတ်လနှင့် ဇန်နဝါရီလများတွင် ထုတ်ပြန်ပေးသည်။